သာယာဝတီ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က လေပြင်းများတိုက်ခတ်မှုကြောင့် သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စုတွင် လူနေအိမ်(၆)လုံး၊ ရွာမကျေးရွာအုပ်စုတွင်(၁)လုံး စုစုပေါင်း(၇)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး ဖိုးခေါင်ကျေးရွာကျေးရွာအုပ်စုတွင် လူနေအိမ်(၁)လုံးပြိုလဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲ/အမိုးလန် နေအိမ်မိသားစု ကျား(၁၆)ဦး၊ မ(၁၅)ဦး စုစုပေါင်းလူဉီးရေ(၃၁)ဉီးတို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကာ နီးစပ်ရာဆွေမျိုးများ၏နေအိမ်များတွင် ခေတ္တနေထိုင်လျက်ရှိပြီး ပြိုလဲ/အမိုးလန်ပျက်စီးနေအိမ်များ၏ စုစုပေါင်းခန့်မှန်းဆုံးရှုံးမူတန်ဖိုးမှာ (၁၂၀၀၀၀၀-/)ကျပ်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အလားတူ လေပြင်းတိုက်ခတ်မူကြောင့် ပြိုလဲပျက်စီးရာနေရာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်ကားတစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သန္ဓမီးသတ်တပ်ဖွဲ့ဝင်များက ကူညီဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)