အိမ်မဲမြို့Community Centerခန်းမတွင်  မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

အိမ်မဲ  မေ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် နိုင်ငံတစ်ဝန်းလုံးရှိ  ပြည်သူများသဘာဝဘေးအန္တရာယ်များသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့မွန်းပိုင်းက    မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး Talk Show အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က  အသိပညာပေး  Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်က မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့်သတိပေးစနစ်များကိုရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့ပြီး ၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဉီးက မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင်  ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားရန်အချက်များ၊ သဘာဝ​ဘေးအန္တရာယ်ကြုံရပါက မိမိနှင်တူပါရှိထားရမည့် ပစ္စည်းများအကြောင်းကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ဆွေးနွေးပြောကြားကြကြောင်း သိရသည်။

ဌေးဌေးလှိုင် (အိမ်မဲပြန်/ဆက်)