ကလေး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော် မတီသို့ စမ်းမြို့ရပ်ကွက်နေ ဦးမန်းလျှံထန်းနှင့်ဒေါ်မောသဲ မိသားစု (ARB ဆန်ပွဲရုံ)မှ ဆန်အိတ် (၉၀)ကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းခဲ့သည့် ဆန်အိတ်(၉၀)အိတ်အား ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်း ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးခင်မောင်ချိုနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါဆန်များအား စမ်းမြို့ရပ်ကွက်အတွင်း ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည် ပြုလူနာအများဆုံးတွေ့ရှိရသည့် နယ်မြေ (၄)မှ အိမ်ထောင်စု (၉၂)စုနှင့် လူဦးရေ (၃၇၆)ဦးနှင့် နယ်မြေ (၆)မှ အိမ်ထောင်စု (၈၇)စုနှင့်လူဦးရေ (၃၉၂)ဦး၊ စုစုပေါင်းအိမ် ထောင်စု (၁၇၉)စု နှင့်လူဦးရေ(၇၆၈)ဦးတို့အား အိမ်ထောင် စု(၂)စုလျှင် ဆန်အိတ်(၁)အိတ်နှုန်းဖြင့် ပြည်သူ မှပြည်သူသို့အစီအစဉ်ဖြင့် SKT Volunteer အဖွဲ့က အိမ်တိုင်ရာရောက်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စမ်းမြို့ရပ်ကွက်တွင် ကိုဗစ်-၁၉ကပ်ရောဂါ အတည် ပြုလူနာ (၂၂)ဦး တွေ့ရှိရသည့်အတွက် အခြားရပ်ကွက်များအတွင်းသို့ ကူးစက်ပြန့်နှံ့မှုမရှိ စေရေးအတွက် အောက်တိုဘာ ၃ ရက်နေ့မှစတင်ကာ စမ်းမြို့နေပြည်သူများအား အသွား အလာ အထူးကန့်သတ် ထားရှိခဲ့ကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)