ကသာ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကသာမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာများမှ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) သုံး ကျောင်းတို့အား Computer ၊ Printer နှင့် မီးစက်များကို ယနေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အဆိုပါပစ္စည်းများကို အခြေခံပညာကျောင်းများရှိ ပညာရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပြီး ထိုသို့ပေး အပ်လှူဒါန်းရာတွင် ကသာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝ နှင့် ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးအောင်မင်းသိန်းတို့က နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် Computer ၊ Printer နှင့် မီးစက်များကို ကသာ မြို့နယ်အတွင်းရှိ အင်းကြီးကျေးရွာ၊ သံပုရာ ကျေးရွာနှင့် ဆိပ်ငူကျေးရွာတို့မှ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) သုံးကျောင်း တို့အတွက် တစ်ကျောင်းလျှင် Computer (၁)စုံ၊ Printer (၁)လုံးနှင့် မီးစက်(၁)လုံးစီတို့ကို ကျေးရွာကျောင်းအုပ်ကြီးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အား အသီးသီးပေး အပ်ခဲ့ ကြောင်း သိရသည်။
ရဲအောင်(ကသာ)