ငရုတ်ကောင်းမြို့၌မုန်တိုင်းဘေးအန္တရာယ်ကျရောက်နိုင်သည့်ချောင်းကမ်းနံဘေး၊ပင်လယ်ကမ်းစပ်များတွင်နေထိုင်ကြသောအိမ်ထောင်စုများအားကြိုတင်ရွေ့ပြောင်း

ငရုတ်ကောင်း   မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့်မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့်ချောင်းကမ်းနံဘေး၊ ပင်လယ်ကမ်းစပ်များတွင် နေထိုင်ကြသော အိမ်ထောင်စုများအား သတ်မှတ်ထား‌သောမုန်တိုင်း ခိုလှုံရာဘုန်း တော်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ယနေ့နံနက်ပိုင်းကမော်တော်ယာဉ်များဖြင့် ရွေ့ပြောင်း ဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ရွေ့ပြောင်းလာသောအိမ်ထောင်စုများအားမြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌဦးဝေယံဦးနှင့်တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များစီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)