စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ကိုင်ဆောင်ရွက်နေသည့်အဖွဲ့များအား လိုက်လံကြည့်ရှု စစ်ဆေး

စစ်ကိုင်း  အောက်တိုဘာ

စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မရှိစေရေး ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက်  လုပ်ကိုင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား ယမန်နေ့ မွန်းလွဲ()နာရီက နယ်မြေ ကွင်းဆင်းကာ လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည် ကိုသိရသည်။                                      

ရှေးဦးစွာ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် တာဝန်ရှိ သူများ သည် စစ်ကိုင်းမြို့ အဝင်/ထွက်ဂိတ်ဖြစ်သည့် ဧရာဝတီတံတား(ရတနာပုံ)ထိပ်ရှိ ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် တာဝန်ဆောင်ရွက်နေသည့်အဖွဲ့များ၏ လုပ်ကိုင် ဆောင်ရွက်နေသည့်အခြေအနေ များကို လည်းကောင်း၊ စစ်ကိုင်းမြို့ ပါရမီ ရပ်ကွက်နှစ်(၇၀၀)ကွင်းတွင် Community Base Facility Quarantine (C.B.F.Q) ထားရှိမှု အခြေအနေ၊ RaPid Antign Diagnostic Test Kit များဖြင့်  ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုအခြေအနေ၊ လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ကိုင်ဆောင်ရွက်ပေး နေမှုများကိုလည်းကောင်း၊ ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံဝင်းအတွင်း ထားရှိသည့် Positive လူနာများထားရှိမှု (Hospital Quarantine) ထားရှိမှု အခြေ တို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည်။      

အဆိုပါအဖွဲ့တွင် စစ်ကိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ပြည်သူ့ ကျန်းမာရေး၊ ခုတင်(၂၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။                                                                          

မျိုးဝင်း(ပြန်/ဆက်)