တောင်ငူ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းလိုက်လံဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံဆောင်ရွက်ရာတွင် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန်၊ အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ် သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမှုများကို သိရှိစေရန်၊ နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်း အန္တရာယ်သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များကို ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လှည့်လည်အသိပညာ ပေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)