အမာမြို့ အထကကျောင်း (Cyclone Shelter)တွင်  မုန်တိုင်းရှောင်ပြည်သူများထံသို့ (MAMA) ခေါက်ဆွဲခြောက်များ အချိုးကျပေးဝေ

အမာ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်မှုများရှိနိုင်သည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမာမြို့ အထကကျောင်း  (Cyclone Shelter)တွင် ပြောင်းရွှေ့စောင့်ရှောက်ထားလျက်ရှိကြောင်း သိရသည်။

အမာမြို့  မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၏ အစီအစဥ်ဖြင့် မုန်တိုင်းရှောင်ပြည်သူများအား နေ့လယ်စာ ကြက်အာလူးဆီပြန်၊ ငပိငရုပ်‌ရည်ချက်နှင့် တို့စရာချက်ကျွေး၍ နေ့လယ် (၁)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင် လှူဒါန်းခဲ့သည့် (MAMA) ခေါက်ဆွဲခြောက်များအား မုန်တိုင်းရှောင်ပြည်သူများထံသို့ အချိုးချပေးဝေပေးခဲ့ကြောင်းသိရသည်။

ကျော်ကျော်အောင် (အမာ ပြန်/ဆက်)