ရှမ်းရွာသစ် အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရမည့် အသိရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြ စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် "သင့်အမည် မဲစာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီ လား၊ အတူတကွမဲပေးကြပါစို့၊ မဲဆန္ဒရှင်စာရင်း သွားရောက်စစ်ဆေးရန် သင့်မှာအချိန် မရှိ/ အချိန်မလုံလောက် ဖြစ်နေပါသလား၊ အွန်လိုင်းကနေ စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့် ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ သတိရပါ၊ မကြာခဏမေးလေ့ရှိသော မဲစာရင်းဆိုင်ရာမေးခွန်းနှင့်အဖြေများ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ ဆန္ဒမဲမပေးခင် သင်ကူညီဆောင် ရွက်နိုင်သည့်အချက်များ၊ မဲရုံအတွင်းဘေးကင်း လုံခြုံမှုရှိစေရန် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ဘေးကင်းလုံခြုံသော ဆန္ဒမဲပေးမှုအတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်နှင့် မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်နိုင်သည့် အချက်များ ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြည်သူများ ကြည့်ရှုလေ့လာ နိုင်ရန်အတွက် ပြသထားကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)