ငရုတ်ကောင်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ်ကျရောက်နိုင်သည့် ချောင်းကမ်းနံဘေး၊ ပင်လယ်ကမ်းစပ်များတွင် နေထိုင်ကြသောအိမ်ထောင်စုများအား သတ်မှတ်ထားသော မုန်တိုင်းခိုလှုံရာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများသို့ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များဖြင့် ရွှေ့ပြောင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ရွေ့ပြောင်းလာသော အိမ်ထောင်စုများအား မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)