မအူပင် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် ၉ နာရီအချိန်က သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေ့ဦးစွာ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်ဦးဆောင်သည့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များသည် မအူပင်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အရေးပေါ်လူနာထားရှိရန် ပြင်ဆင်ထားမှု၊ ဆေးဝါးများသိုလှောင် ထားရှိမှုများအား ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ တာကောက်ကျေးရွာ၊ မလက်တိုကျေးရွာအုပ်စု၊ မလက်တိုကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ စုဆောင်းထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ကယ်ဆယ်ရေးပစ္စည်းများ၊ ကယ်ဆယ်ရေးယာဉ်များ အသင့်ဆောင်ရွက်ထားရှိမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)၏