ကော့သောင်း မေ ၁၃
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက် ပသျှူးတန်းတွင် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးဇင်ထွန်းနှင့်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးမ ကျရောက်မီကြိုတင် ကာကွယ်ရေးနည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ပင်လယ်နှင့်ထိတွေ့နေရသည့် ရေလုပ်သားများ၊ ကမ်းခြေနှင့် နီးကပ်ထိစပ်စွာ နေထိုင်ကြသော ပြည်သူများအား သဘာဝဘေးအန္တရာယ်မကျရောက်မီ အရေးကြီးစာရွက်စာတန်းများ၊ အိမ်ထောင်စု၊ မှတ်ပုံတင်၊ ဘဏ်ကဒ်များရေစိုပျက်စီးခြင်း မရှိစေရန် ပလပ်စတစ်အိတ်နှင့် ထုပ်ပိုးထားရှိစေခြင်း လက်ဝတ်ရတနာ ပစ္စည်းများစုစည်းထားရှိကာ မိမိနှင့်တပါတည်းယူဆောင်နိုင်ရန် မိမိတို့မိသားစုများ ၏သောက်သုံးရေ၊ ရေသန့်များ ဝယ်ယူစုဆောင်းထားရှိကြရန် ၊ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လာပါက လုံလောက် သောရေပုံး (ပလပ်စတစ်ပုံး) စက်သုံးဆီပုံးများဖြင့် မိမိတို့မိသားစုများ၏ အသက်ကို ကယ်တင်နိုင်ကြစေရန် ကြိုတင်ကာကွယ်ရေးနည်း လမ်းများအား ရှင်းလင်း၍ လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)