မြိုင်မြို့တွင် မုန်တိုင်းဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ

မြိုင် မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင်  အများပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိရာ  မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ လိုက်လံအသိပညာပေးနှိုးဆော်ခဲ့သည်။

ထိုသို့လိုက်လံအသိပညာပေးနှိုးဆော်ရာတွင် မုန်တိုင်းအန္တရာယ်‌ လေတိုက်ခြင်းနှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်နှင့် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန်၊ အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်၊ နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော မုန်တိုင်းသတင်းများကို အစဉ်မပြတ်ကြည့်ရှု နားထောင်ကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့များ လိုက်ပါသောအဖွဲ့က မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြသည်။ ထိုသို့မုန်တိုင်းဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် နေ့စဉ်ဆောင်ရွက်လျက် ကြောင်းလည်း သိရသည်။

မယ်ခွေ