ထားဝယ်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်

ထားဝယ် မေ ၁၃

တနင်္သာရီတိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူလူထုများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ဝင်ငွေတိုးတက်မှုများ ရရှိလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူ ပြုလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ မြို့မယဉ်ငေး သာသနာ့ ရိပ်သာကျောင်းတိုက်၌ဖွင့်လှစ်သည်။

သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်လုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာရည်လုပ်နည်း၊ လက်ဆေးဆပ်ပြာရည်လုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand gel ပြုလုပ်နည်း၊ မျက်နှာသစ် ဆပ်ပြာခဲပြုလုပ်နည်း၊ အလှဖယောင်း အကြည်/ အနောက်ပြုလုပ်နည်း၊ မှန်ကြည်ဆေး ပြုလုပ်နည်း၊ ဆပ်ပြာခရင်မ်ပြုလုပ်နည်း၊ ဆပ်ပြာမှုန့်ပြုလုပ်နည်း၊ အဝတ်လျှော်ဆပ်ပြာ ဆီပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်(Body shower)ပြုလုပ်နည်းတို့အပါအဝင် နေ့စဉ်အသုံးပြုနေသည့် လူသုံးကုန်ပစ္စည်း များထုတ်လုပ်နည်းတို့အပြင် လူသုံးကုန်လုပ်ငန်းသုံးဓါတုပစ္စည်းများအကြောင်းသိရှိနိုင်ရန်အတွက် သင်တန်းသား(၂၀)ဦးအား တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ ဝန်ထမ်းများက မေ ၁၆ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာပေးသင်တန်းများအား တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ မြိတ်ခရိုင်နှင့် ကော့သောင်းကော့သောင်းခရိုင်ရုံးများတွင်လည်း သင်တန်းများအား ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)