ခန္တီးမြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

ခန္တီး မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သာသနဟိတ မြို့မကျောင်းတိုက်၊ ပဓာနဆရာတော်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တနန္ဒပါလအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ရန်ကင်းတောင်မဟာစည်သာသနာ့ရိပ်သာရှိ မြို့ညွှန့်ဗိမာန်တော်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ စတင်ခဲ့ပြီးမကျန်ခဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကာ လှူဖွယ်ဝတ္တုများဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များ ဆက်ကပ်ခြင်း၊ ဂုဏ်ပူဇာအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာ တော်၏ ထေရုပ္ပတ္တိ ကထာများ ဖတ်ကြားခြင်း၊ တေးထပ်ရတုများဖြင့် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကာ ကောင်းမှု ကုသိုလ်အစုစုတို့အတွက် ရေစက်သွင်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခန္တီးတပ်နယ်မှူးဗိုလ်မှူးကြီး သက်ထူးစံနှင့်အရာရှိစစ်သည်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တက်ရောက် လာသည့် ဧည့်ပရိတ်သတ်များအား စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ နိုင်ငံကျော်အနုပညာရှင် များမှတေးသီချင်းများဖြင့်ဖျော်ခြင်း၊ အလှခတ်ခြင်းဝိုင်းများဖြင့် ဖျော်ခြင်းများပြုလုပ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)