ချောက်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကာကွယ်​ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ ကြည့်ရှုစစ်ဆေး

ချောက် မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မုန်တိုင်းအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးကျော်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသင့်​​ပြင်ဆင်ထားရှိသည့် ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်စသည့် စားနပ်ရိက္ခာနှင့်သောက်ရေသန့်များ၊ အဝတ်အထည်၊ စက်သုံးဆီနှင့် ​မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံပစ္စည်း (၁၇)မျိုး တို့အား  ကြည့်ရှုစစ်​ဆေးခဲ့သည်။

ထို့နောက်အမှတ်(၁၄)ရပ်ကွက်၊ စစ်ကွင်းရပ်ရှိ မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရှိ လူမှုကူညီရေး အ သင်းအဖွဲ့များ စုစည်းထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများ အသင့်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့‌‌ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေး ချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှား သင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား လှည့်လည် အသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)