ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဟိုင်းကြီးကျွန်းမြို့ရှိ လေဘေးရှောင်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပြီး အားပေးနှစ်သိမ့်စကား ပြောကြား၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး

ဟိုင်းကြီးကျွန်း မေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မန်နေ့ညနေ ၃ နာရီက လေဘေးရှောင်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်၍ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပြီး အားပေးနှစ်သိမ့်စကားပြောကြားကာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်၏ ရင်ပြင်တော်ရှိ အနေကဇာဆောင်တွင် မုန်တိုင်းအန္တရာယ် လာရောက်ခိုလှုံနေကြသော လေဘေးရှောင် ဒေသခံပြည်သူများအား အားပေးနှစ်သိမ့်စကားများ ပြောကြားကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံချိုင်ကျေးရွာအုပ်စု၊ ကံချိုင်ကျေးရွာရှိ ဆိုင်ကလုန်းမုန်တိုင်း Shelter သို့သွားရောက်ကြည့်ရှုပြီး ကံချိုင်ကျေးရွာအုပ်စုရှိ လေဘေးရှောင်ပြည်သူများအား အားပေးနှစ်သိမ့်စကားပြောကြားကာ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)