ရွှေဘို မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုတက္ကသိုလ်၌ Grade 9 နှင့်Grade 12သင်ရိုးသစ်ဆင့်ပွားသင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီချိန် ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်ရွှေဘို တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား ပြောကြားရာနိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာရှင်များ ပေါများခြင်းသည်အဓိကအရေးကြီးပါကြောင်း၊ပြောင်းလဲ လာသောပညာ ရေးစနစ်နှင့် အညီလိုက်ပါပြောင်းလဲနိုင်ရေး၊ နိုင်ငံတော်အတွက်ထူး ချွန်ထက်မြက်သည့် အနာဂါတ်မျိုးဆက် သစ်များပေါ်ထွက်လာစေရေး အစွမ်းကုန်ကျိုးစားဆောင်ရွက်ကြရန် ပြောကြာခဲ့ပြီး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီက စသင်တန်းဖွင့်လှစ် သင်ကြားမည့် အစီအမံများ ဆောင်ရွက်ထားရှိမှု များကိုရှင်လင်း ဆွေးနွေးခဲ့ပြီး၊ ခရိုင်ပညာ ရေးမှူးဦးစိုးနိုင်က၊ ကျောင်းသားမိဘများသိရှိရ မည့်ပြောင်း လဲလာသည့် အဆင့်မြင့်ပညာရေး စနစ်များအကြောင်း၊ သင်တန်းတက်ရောက်ကြ မည့်ဆရာ/ ဆရာမများအနေဖြင့်ဆင့်ပွား ပို့ချမည့်သက်ဆိုင် ရာဘာသာ ရပ်များကိုစိတ်ပါဝင်စား စွာကျိုးစား သင်ယူရန်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ရွှေဘိုတက္ကသိုလ်ပါ မောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာတင်တင်ရီ၊ ခရိုင်ပညာရေးမှူးဦးစိုးနိုင်၊ မြို့နယ်ပညာရေး မှူးဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှုး)ပါမောက္ခများ၊ မော်ကွန်းထိန်း နှင့် သင်တန်းရေးရာ စီမံဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ကထိကများ၊ နည်းပြ၊ သရုပ်ပြများ၊ သင်တန်းတက်ရောက်ကြမည့်ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။
သင်တန်းကိုဘာသာရပ်ဆိုင်ရာ နည်းပြများက ၁၂.၅.၂၀၂၃ရက် နေ့မှ၂၄.၅.၂၀၂၃ရက်နေ့အထိ သင်ကြား ပို့ချပေးမည်ဖြစ် ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်