ရေဦး မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရေဦးမြိုနယ် တွင် မုန်တိုင်းဘေးအန္တရာယ် အသိပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက် ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးကြေညာရာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသော မြန်မာနိုင်ငံ အတွင်း ဆိုင်ကလုန်းမုန်တိုင်း "မိုခါ (MOCHA)" ခန့်မှန်းဝင်ရောက်နိုင်မှု အခြေအနေနှင့် ပြည်သူများ မုန်တိုင်း မကျမီ မုန်တိုင်းကျရောက်စဉ်အတွင်း အထူးဂရုပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး မေလ ၉ ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် မေလ ၉ ရက်နေ့မှ မေလ ၁၄ ရက်နေ့အတွင်း မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ နိုင်ပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)