ကနီ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နေ့လယ်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်နေ သော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်း "မိုခါ" အဖြစ်သို့ ရောက်ရှိလာ ပြီဖြစ်၍ ပြည်သူများအနေဖြင့် မုန်တိုင်းသတင်းနှင့် ပတ်သက်၍ မျက်ခြေမပြတ်စောင့်ကြည့် နိုင်စေရန် အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ လိုက်လံနှိုးဆော်ခြင်းများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ကြီးကြပ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များက အသိပေးနှိုးဆော်ခြင်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ချင်းတွင်းမြစ်အတွင်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)