ကဝ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အ.ထ.က(အုန်းနှဲ)ကျောင်းဝန်းအတွင်း ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်မွေးပညာသင်တန်းကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သင်တန်းဖွင့်လှစ်နိုင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(အုန်းနှဲ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ငူနည်းပညာ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်က သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဦးတင်သိန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်၊ တောင်ငူနည်းပညာအထက်တန်းကျောင်းအုပ်ကြီး ဦးဌေးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အ.ထ.က(အုန်းနှဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ စုစုပေါင်းအင်အား(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)