ဒေးဒရဲ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိခိုက် ပျက်ဆီးမှုမရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများက မြို့တွင်းလမ်းဘေး တွင် ပေါက်နေသော သစ်ပင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော အပင်ကြီးများ၊ အဆောက်အဦများအပေါ် ပြိုလဲ၊ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များဖြင့် သစ်ပင်၊ သစ်ကိုင်းများအား စနစ်တကျ လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)