သနပ်ပင် မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းရာသီအတွက် (ဒုတိယ)ဂရန်အင်းများနှင့် (ပထမ)အကြိမ်တင်ဒါပိုက်ချက်များလေလံရောင်းချင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က ဂရန်အင်းလေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ အင်းလုပ်သားကြီးများ လိုက်နာရမည့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် (ဒုတိယ)အကြိမ်ဂရန်အင်းများ လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် (၅)အင်းရောင်းချနိုင်ခဲ့ပြီး (ပထမ)အကြိမ် တင်ဒါပိုက်ချက်များရောင်းချရာ တင်ဒါချက်(၁၀)ချက် ရောင်းချရပြီး စုစုပေါင်းငွေကျပ်(နှစ်ရာနှစ်ဆယ့်ငါးသိန်းငါးသောင်း) နိုင်ငံတော်ဘဏ္ဍာငွေရရှိခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)