ကျောက်တံခါးမြို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်တံခါး  မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်တံခါး  မြို့ပေါ်ရပ်ကွက်များနှင့် သူဌေးကုန်းကျေးရွာအတွင်းရှိ ပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏အခြေအနေ၊ ဦးတည်ရွေ့လျားရာလမ်းကြောင်းနှင့် ရာသီဥတုအခြေအနေများကိုလည်ကောင်း၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ်အချိန်တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပေးနှိုးဆော်ခဲ့ပြီး၊ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)