သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် စီမံထားရှိမှု အခြေအနေများအား ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့ ကွင်းဆင်းကြည့်ရှု

ဟင်္သာတ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်န်ိုင်ရန် ယနေ့ နံနက် ၁၀ နာရီက အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း (ကွင်းကောက်)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦးနှင့် အဖွဲ့သည် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်အတွင်း ကြိုတင်ပြင်ဆင်စီမံထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ ကြီးကြပ်ကွပ်ကဲမှု ရုံးခန်းဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း နှင့် အဖွဲ့ဝင်များက စီမံဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်မီးသတ် တပ်ဖွဲ့ရုံးတွင် မုန်တိုင်းအန္တရာယ် ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကူညီကယ်ဆယ်ရေးတပ်သား စုဆောင်းပြင်ဆင် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပရဟိတအသင်းအဖွဲ့များ စုဖွဲ့ပြင်ဆင်ထားရှိမှု အခြေအနေများ အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနရုံးတွင် ဘေးအန္တရာယ်ကျရောက်ပြီးပါက ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေး ပစ္စည်းများ စုဆောင်းထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ခရိုင်လမ်းဦးစီး ဌာနရုံးဝန်းအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြေသယ် ယာဉ်၊ ရေသယ်ယာဉ်နှင့် Back Hole ယာဉ်များ အရန်သင့်ပြင်ဆင်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာရှိ School Cam Shelter သို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူ များမှ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ဗိုလ်မှူးချုပ် ဇော်မြင့်ဦးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)