ခန္တီး မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ နံနက်(၇)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုအနေ ဖြင့် Mask Campaign ကို မြသိန်းတန်ဘုရားအဆင်း ကမ်းနားလမ်းဆုံ၊ မြို့မင်္ဂလာဈေးရှေ့ လမ်းဆုံရှိ လမ်းသွား လမ်းလာ ပြည်သူများနှင့် မင်္ဂလာဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေခဲ့ သည်။
အဆိုပါ Mask Campaign ကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဦးဆောင်ကာ ကျန်းမာရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက စုပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)