ကဝ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် လုပ်ငန်းရာသီအတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများနှင့် (ပထမ)အကြိမ် တင်ဒါချက်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအုန်းသွင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးဦးဇော်မြင့်နိုင်က ဂရန်အင်းများ၊ တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းလင်းက ဂရန်အင်းများနှင့် တင်ဒါချက်များလေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဝမြို့နယ်အတွင်းရှိ ဂရန်အင်း(၇)အင်းကို (ဒုတိယ)အကြိမ်နှင့် တင်ဒါချက်(၃၃)ချက်အား (ပထမ)အကြိမ် လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် ဂရန်အင်း(၂)အင်းနှင့် တင်ဒါချက်(၉)ချက် ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေသော အင်းများနှင့် တင်ဒါချက်များကို (၃၁.၅.၂၀၂၃)ရက်နေ့ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် လေလံတင်ရောင်းချခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)