စလင်း မေ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့် စျေးရောင်း စျေးဝယ် ပြည်သူများ၊ လမ်းခရီးသွား လုပ်သားပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရန်၊ ရှောင်ရန်အချက်များ သိရှိနိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က စလင်းမြို့အဝင် မင်းဘူး - စလင်း ကားလမ်းမ၊ စလင်းယာဥ်ထိန်းရဲတပ်ဖွဲ့စခန်းအနီးနှင့် စလင်းမြို့မ စည်ပင်သာယာစျေးကြီး အတွင်း၊ အပြင်တို့တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် ဝန်ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်တွင်ပါရှိသည့် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ စသည်တို့ ဖော်ပြပါရှိပြီး စလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် ဝန်ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက လက်ကမ်းစာစောင်များကို စလင်းမြို့မ စည်ပင်သာယာစျေးအတွင်း၊ အပြင် စျေးရောင်း၊ စျေးဝယ် ပြည်သူများနှင့် လမ်းခရီးသွားပြည်သူများအား လက်ဝယ်အရောက် မုန်တိုင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)