မော်လမြိုင်ကျွန်း မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူများအကြမ်းဖက် သမားများ ဘေးရန်မှ ကင်းဝေပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေး အဖွဲ့နှင့် ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့တို့မှ ယနေ့ နံနက် (၇)နာရီက လူစည်ကားရာနေရာများဖြစ်သည့် ပုသိမ်သူ သင်္ဘောဆိပ်တွင် ခရီးသည်များအား မှတ်ပုံတင်မျာစစ်ဆေး ခြင်း၊ ခရီးသည်များ၏ ခရီးဆောင်အိတ်များ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့ပေါ်ရှိရပ်ကွက်များမှ အုပ်ချုပ် ရေးမှူးများ ပြည်သူများအကြမ်းဖက်မှုမဖြစ်စေရန် မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း စစ်ဆေးခြင်းများ ဆောင်ရွက်ကြ သည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများ ဘေးရန်မှ ကင်းဝေ၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများနှင့် စစ်ဆေးခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)