နတ်တလင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေ

နတ်တလင်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဋ္ဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုမှကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး  ကြိုတင်ကာကွယ်နိုင်စေရန် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ရာတွင်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဥ်တွင်လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင်ရှောင်ရှားသင့်သည့်အချက်များစသည့် ပညာပေးလက်ကမ်း စာစောင်များကို (မြို့မ)စည်ပင်သာယာစျေးကြီးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထားထားဦး (ပြန်/ ဆက်)