နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် စပါးဆစ်ပိုးကာကွယ်နှိမ်နင်းခြင်းအတွက် ဥကပ်ပါးနကျယ် ပေးအပ်ခြင်းနှင့် ကွင်းအတွင်းစုပေါင်းလွှတ်ခြင်းဆောင်ရွက်

နတ်မောက် မေ ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ ကွင်းအမှတ် (၄၆၂)တွင် နွေစပါး စိုက်ခင်းများ အတွင်း ဥကပ်ပါးနကျယ်စုပေါင်းလွှတ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဥကပ်ပါးနကျယ်လွှတ်ပွဲတွင် မကွေးခရိုင်သီးနှံပိုးမွှားကာကွယ်ရေးတာဝန်ခံ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစိးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့်အတူ နတ်မောက်ဆည်ရေသောက် ဧရိယာတွင် စိုက်ပျိုးထားရှိသည့် နွေစပါးဧက(၃၀၀)အား ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းလုပ်ငန်းများပြုလုပ်၍ စပါး စိုက်ခင်းများအတွင်း ဆစ်ပိုး၊ စုပ်စားပိုးများ  မကျရောက်စေရေး ဥကပ်ပါးနကျယ်ကတ်(၂၀၀)အား နွေစပါးစိုက်တောင်သူများသို့ လွှဲပြောင်းပေး အပ်ခြင်းနှင့် စိုက်ခင်းအတွင်းသို့  နကျယ်ကောင်များ စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း