နတ်​မောက်မြို့နယ်တွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်း

နတ်မောက် မေ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး (၁၆၃၁) ဧက စိုက်ပျိုးနိုင်ခဲ့၍ စိုက်ပျိုးပြီး စပါးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာ ဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာ စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးကောင်းမွန်ကာ ပြည်ပ  စျေးကွက်များသို့ တိုးချဲ့လာနိုင်စေရန် အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည်။ အစိုးရဆည်ငယ်ကန်ငယ်များဖြစ်သည့် နတ်မောက်ရေလှောင်တမံ ဆည်ရေသောက် ဧရိယာ (၃၀၀)ဧက၊ ကျောက်တံခါးဆည်ရေသောက်ဧရိယာ(၁၁၀၀)ဧက၊ ဆည်ငယ်ကန် ငယ်သောက်ဧရိယာ (၂၃၁)ဧက စုစုပေါင်း (၁၆၃၁) စိုက်ပျိုးနိုင်ခဲ့သည်။

အောင်မြင်ဖြစ်ထွန်းရှိသည့် နွေစပါးများကို ဇူလိုင်လ ပထမပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ကပြောသည်။

မူမူစန်း