ကနီ မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော် ခြင်းများကို မေလ ၁၀ ရက်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တို့တွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သဖြင့် ပြည်သူများအနေ ဖြင့် မုန်တိုင်းသတင်းနှင့် ပတ်သက်၍ မျက်ချေမပြတ်စောင့်ကြည့်နိုင်စေရန်နှင့် မုန်တိုင်းဝင်ရောက်လာပါက ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်စေရန်တို့အတွက် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ယင်းသို့ လိုက်လံနှိုးဆော်ခြင်းများကို မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးကော်မတီက ကြီးကြပ် ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)