ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့်အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ပေါက် မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး  အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို မေ၁၂ရက်နံနက်၈နာရီက ပေါက်မြို့ လူစည်ကားရာနေရာများဖြစ်သည့် ပေါက်-ပခုက္ကူကားလမ်းမကြီးပေါ်နှင့် ယာယီပျံကျဈေး၊ မြို့နယ်စည်ပင်သာယာဈေးတို့တွင် အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံပြည်သူများနှင့်ခရီးသွားပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီနေထိုင် သွားလာကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေး အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုရွှေယော(အညာမြေ)