ဘောဂလိမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား အသိပညာပေးနှိုးဆော်

ဘောဂလိ မေ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအသွင်သို့ကူးပြောင်းနိုင်ပြီး ပြည်သူများ အချိန်နှင့်တပြေးညီ သတိပြုနိုင်စေရန် မုန်တိုင်းသတိပေးချက်များအား စဉ်ဆက်မပြတ်စောင့်ကြည့်ရန်၊ ပင်လယ်ကမ်းခြေဒေသများတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့ထားရန်၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ညွှန်ကြားချက်များအား နေ့စဉ်စောင့်ကြည့်နားဆင်ရန်၊ ဒေသနေပြည်သူများ အနေဖြင့် မိုးများသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊  သက်ဆိုင်ရာအဖွဲ့ အစည်းများထံသို့ ဆက်သွယ် အကြောင်းကြားရန်၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်ပါက လိုက်နာရမည့်အချက်များ၊ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

မူးလားလာ