အင်္ဂပူမြို့နယ် ဘဲအင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးအမိုးလန် ပျက်စီး

အင်္ဂပူ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်(တောင်) ကျေးရွာအုပ်စု ဘဲအင်းကျေးရွာ၌ ယမန်‌နေ့ ညနေ ၆ နာရီ ၃၀ မိနစ်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု‌ကြောင့် ကွင်းကောက်(တောင်)အုပ်စု၊ ဘဲအင်းကျေးရွာနေ ဒေါ်ခင်ဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၃)ပင်၊ (၁)ထပ် လူနေအိမ် အမိုးလန်မှုဖြစ်ပွားခဲ့ပြီး လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)