မင်းလှ မေ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မေ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်ချိန်ခန့်ကက အချိန်အခါမဟုတ်မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်(၁)လုံး အမိုးလန်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ခွက်မအုပ်စု၊ ခွက်မကျေးရွာတွင် ဒေါ်အေးသန်း၏ သွပ်မိုး/ ပျဉ်ကာနေအိမ်၌ ဒိုင်းမျှားအစုံ သွပ်အကပ်လိုက်ပြုတ်ထွက် အမိုးလန်ပျက်ဆီးဆုံးရှုံးခဲ့၍ ခန့်မှန်းတန်ဖိုး (၂) သိန်းကျပ်ခန့် ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်သည့်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများကပူးပေါင်း၍ ဘေးသင့်ပြည်သူ(၂) ဦးတို့အား နီးစပ်ရာဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်ရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (ပြန်/ ဆက်)