ပေါက်ခေါင်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုး‌ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပေါက်ခေါင်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများပူးပေါင်း၍ မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေး လိုက်လံနိုးဆော်ပေးခြင်းနှင့်မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က  စည်ပင်သာယာမြို့မဈေးကြီးအတွင်းနှင့် လူစည်ကားရာ ပြည်-ပေါက်ခေါင်း-တောင်ငူလမ်းမကြီးတို့၌ ဆောင်ရွက်ခဲ့ကြသည်။

မုန်တိုင်းကြိုတင်ကာကွယ်ရေးလိုက်လံနှိုးဆော်ခြင်းကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုဦးဆောင်သောဝန်ထမ်းများအဖွဲ့က မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင်ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မြို့နယ်အတွင်းလူစည်ကားရာနေရာများသို့ လိုက်လံနိုးဆော်ပေး၍ အသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)