တောင်တွင်းကြီး မေ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် တပ်ဖွဲ့ဝင်များက ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များနှင့် ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် လုပ်ဆောင်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များ၊ တောင်တွင်းကြီးမြို့နယ်အတွင်း မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပါက သောက်သုံးရေသိုလှောင်နိုင်ရန်နှင့် အသက်အန္တရာယ်ကြုံတွေ့လာပါက အလွယ်တကူအသုံးပြုနိုင်ရန် (၅)ဂါလံဆံ့ပလပ်စတစ်ပုံးများ အိမ်တိုင်းတွင်ဆောင်ထားကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)