ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကြို့ပင်ကောက် မေ ၁၂

ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစာင်ပြသခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူမူဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်‌ဝေသော မုန်တိုင်းဘေး အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသခံပြည်သူများနှင့်ကလေးငယ်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် အကျယ်တဝင့်သိရှိစေရန်အတွက် ကာတွန်းပုံများ‌‌‌‌‌‌‌‌‌‌ဖြင့် ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန်အချက်များကို စိတ်ဝင်စားဖွယ် အသိပညာပေးပြသထားကြာင်း သိရသည်။

အဆိုပါအသိပညာပေး နံရံကပ်စာစာင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအားလွတ်လပ်စွာ လေ့လာကြည့်ရှုနိုင်စရန်ပြသထားပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခါအားလျော်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထွန်း (ပြန်/ ဆက်)