မျိုးစေ့ထုတ် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ ပေးအပ်ခြင်းနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ထောက်ပံ့ပေးအပ်

ဇလွန် မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်း အထွက်တိုးရေးအတွက် (RS to CS) မျိုးစေ့ထုတ် တောင်သူများအား မျိုးသန့်မျိုးပွား မျိုးစေ့ပေး အပ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက မျိုးစေ့ထုတ် တောင်သူများအား အရည်အသွေးပြည့်မီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မျိုးစေ့ထုတ်ဧက (၃၀၀)အတွက် (RS) မျိုးစေ့ အိတ် (၂၀၀)နှင့် ပိုက်ဆံလျှော် မျိုးစေ့ ဧက (၃၀၀) အတွက် တစ်ဧကလျှင် လေးပြည်နှုန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက မိုးစပါး (RS) မျိုးသန့်မျိုးပွားမျိုးစေ့နှင့် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဝေယံ-ဇလွန် (ပြန်/ဆက်)