သရက်မြို့၌ လေဘေးသင့် နေအိမ်(၃၇)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌနမှ ထောက်ပံ့ငွေ ပေးအပ်

သရက် မေ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း မေလ(၉)ရက်နှင့် မေလ(၁၀)ရက်နေ့ ညနေပိုင်းမှ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီခဲ့သည့် ကျေးရွာများမှ ပျက်စီးခဲ့သည့် လူနေအိမ်(၃၇))လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းတို့အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)က လေဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအတွက် (၇)ရက်စာ ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်မှုအခြေအနေများကို ပြောကြားပေးခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ထောက်ပံ့သည့် လေဘေးသင့် အိမ်ထောင်စု(၃၇)စု၏ မိသားစုဝင်(၁၃၅)ဦးအတွက် ဆန်ဖိုးရိက္ခာ(၇)ရက်စာနှင့် ဘုန်းတော်ကြီး(၃)ကျောင်းနှင့် လူနေအိမ်(၃၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်(၁၃၅၃၅၀၀)နှင့် ပြိုကြနေသော အိမ်တစ်လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေ (၄၆၃၆၄)ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ အဖွဲ့ဝင်(၂)နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)