တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကယ်ဆယ်ရေးစခန်း(လျာထား)များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ကယ်ဆယ်ရေးစခန်း(လျာထား)များအား တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

မိုးကြိုကာလရောက်ရှိလာတော့မည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ကြောင့် တောင်ငူခရိုင်အတွင်းရှိ လူနှင့်တိရစ္ဆာန်၊ အဆောက်အဦများ၊ ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း တို့တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်လာမည့် အခြေအနေရှိသောကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မြစ်၊ ချောင်း၊ ကမ်းဘေးတွင် နေထိုင်သည့်ပြည်သူများအား ထိခိုက်ဆုံးရှုံးမှု မရှိစေရန်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူဦးရေ ၁၈ဝဝဝ ဦး ယာယီခိုလှုံနိုင်စေရန် ကယ်ဆယ်ရေးစခန်း (၃၅)ခု ကြိုတင်လျာထားဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)