အိမ်မဲ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ သဘာဝဘေးကြိုတင် ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များက သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက် ထား ရှိသည့် အစီအမံများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဆပ်ကော်မတီအသီးသီးနှင့် တက်ရောက်လာသူများမှ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ဆွေးနွေးလို သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)