ပုလောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆောင်ပုဒ်စိုက်ထူ

ပုလော   မေ   ၁၂

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပညာရေးမှူးက ကြီးမှူး၍ ပုလောမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့ ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူဖွင့်လှစ်ပွဲကို  မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲကို  ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော)