တောင်ငူမြို့၌ အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာဆင့်ပွားသင်တန်းဖွင့်လှစ်

တောင်ငူ မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နမောတသ(၃)ကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တောင်ငူခရိုင် မိသားစုထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်မောင်မှ သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာဆင့်ပွားသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းတွင် သင်တန်းသူ ၂၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၁၁-၅- ၂၀၂၃ ရက်နေ့မှ ၁၃-၅-၂၀၂၃ ရက်နေ့အထိ  ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ခန်းစာ၊ မင်္ဂလသုတ်တော် ကျင့်စဥ်နှင့် ဗုဒ္ဓဖြစ်စဉ်တော်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်