အောင်လံ မေ ၁၁
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်တွင် ယနေ့ညနေ ၆ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက် ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် အောင်လံမြို့နယ်အတွင်းရှိ တင်းတောကျေးရွာနှင့် တဖန်းစမ်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၄၄၉၈၀၀၀/-) ခန့်ဖြစ်ကာ ထောက်ပံ့ပစ္စည်းများရရှိနိုင်ရေး သက်ဆိုင်ရာဌာနဖြစ်သည့် သရက်ခရိုင် ဘေးစီမံနှင့်ချိတ်ဆက်သွားမည်ဖြစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)