မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်(၇)လုံးအမိုးလန် ပျက်စီးမှုဖြစ်ပွား

အထက်မင်းလှ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ယနေ့ည‌နေ ၅ နာရီ ၃၀ မိနစ်အချိန်က လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်(၇)လုံးအမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခိုက်မှုကြောင့် တလုတ်ရင်းကျေးရွာမှလူနေအိမ်(၂)လုံး၊ ရေတွင်းကြီးကျေးရွာမှ လူနေအိမ်(၅)လုံးစုစုပေါင်းလူနေအိမ်(၇)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူ နှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်များနှင့် မိသားစုဝင်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)