ရေဖြူ မေ ၁၁
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မုန်တိုင်းကာလအတွင်း နေအိမ်များတွင် ကြိုတင်ပြင်ဆင်ထားရမည့်ပစ္စည်းများထားရှိရန် တစ်အိမ်တက်ဆင်း ပြည်သူများအား အသိပညာပေးနှိုးဆော် ခြင်းကိုယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုမင်း ဦးဆောင်သောအဖွဲ့က ပြည်သူများနေအိမ်တိုင်းတွင် မုန်တိုင်းကာလအတွင်း ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား ရေသန့်ထည့်၍ မိမိတို့နေအိမ်မိသားစုရှိသလောက်စုဆောင်းထားခြင်းဖြင့် မုန်တိုင်းဘေးကြုံလာလျင် မိမိတို့တစ်ဦးခြင်း၏ အသက်ကိုကယ်တင်နိုင်သလို၊ ရေသန့် အတွက်ပါ ရရှိမည်ဖြစ်ကြောင့် မဖြစ်မနေကြိုတင် စုဆောင်းထားသင့်ရန်လိုအပ်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မုန်တိုင်းအန္တရာယ်တွေ့ကြုံလာလျင် ပြည်သူများအနေဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ခတ္တာ