သံတောင်ကြီး မေ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က သဘာဝဘေးမကျရောက်မီနှင့် သဘာဝဘေးကျရောက် လာပါက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ကျော်ဖြိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ လက် ထောက်ဆရာဝန် ဦးနေမင်းကျော်ငြိမ်းနှင့်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များကပစ္စည်းများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များလူနာထမ်းစင်ဖြင့် လူနာကယ်နည်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ကာကွယ်ရေးပစ္စည်းများဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းများအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ